ထိုင်းနိုင်ငံမှ သင်္ချာပုံနှိပ် စာအုပ်၏ မျက်နှာဖုံးတွင် နာမည်ကြီး အပြာမယ် တစ်ဦး၏ပုံ မှားယွင်းဖော်ပြ
ထိုင်းနိုင်ငံထုတ် သင်္ချာသင်ရိုး စာအုပ်၏ မျက်နှာဖုံးတွင် ပါရှိသည့်
ဆရာမတစ်ဦး၏ ပုံသည် အမှန် စင်စစ်အားဖြင့် နာမည်ကြီး အပြာမယ်
တစ်ဦးဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည့် အတွက် ပညာရေး ၀န်ကြီးဌာန အတွက်
အရှက်ရဖွယ် ဖြစ်ခဲ့ကြောင်း သိရသည်။
သင်္ချာစာအုပ်၏ မျက်နှာဖုံးတွင်
ပါရှိသူမှာ အမှန်စင်စစ် ဆရာမ တစ်ဦး မဟုတ်ဘဲ XXX အဆင့်ရှိ ဂျပန်
အပြာဇာတ်လမ်း သရုပ်ဆောင် နာမည်ကြီး အပြာမယ် Mana Aoki ဖြစ်နေသည်ကို
မျက်စိလျင်သည့် ကျောင်းသား တစ်ဦးက စတင်သတိပြုမိခဲ့ သည်ဟု ဆိုသည်။
စာအုပ်ပုံနှိပ် ထုတ်ဝေသူကလည်း Costume Play Working Girl အမည်ရှိ
ရုပ်ရှင်မှ ဓာတ်ပုံတစ်ပုံကို screenshot ၍ ယူထားခြင်း ဖြစ်ကြောင်း
နောက်ပိုင်းတွင် ၀န်ခံခဲ့သည်။
အဆိုပါ ဓာတ်ပုံ ပါဝင်ကြောင်း
သတိမပြုမိခင်က စာအုပ်ပေါင်း ၃၀၀၀ ခန့်ကို တက္ကသိုလ် ၁၀ ခုသို့
ပေးပို့ထားပြီး ဖြစ်သည်။ ယခုအခါတွင် အဆိုပါစာအုပ်များကို သက်ဆိုင်ရာက
ပြန်လည်သိမ်းဆည်း လျက်ရှိပြီး မျက်နှာဖုံး အသစ်ဖြင့် ပြန်လည်
ပုံနှိပ်ထုတ်ဝေလျက် ရှိသည်ဟု သိရသည်။